Barcode System
မှန်ကန် မြန်ဆန် ဘားကုဒ် စစ်စတမ်
22 February, 2020 by
Barcode System
234, Administrator

Barcode Systemတစ်ခုဟာ သင့်ရဲ့လုပ်ငန်းအပေါ်မှာ များစွာမှ အထောက်အကူပြုပေးနေတယ်ဆိုတာ သင်သိပါသလား?

Barcode Systemတစ်ခုဟာ သင့်လုပ်ငန်းမှာရှိတဲ့ Point of Sales System, Inventory Management System, Supply Change Management Systemတွေအတွက် အဓိကလိုအပ်တဲ့ အသက်သွေးကြောတစ်ခုဆိုရင်လည်း မမှားပါဘူး။

Barcode Systemတစ်ခုဟာ သင့်လုပ်ငန်းမှာရှိတဲ့ Productတွေ ထုတ်လုပ်လိုက်စဥ်မှစ၍ နောက်ဆုံးအဆင့် Customerတွေရဲ့ လက်ထဲသို့ ရောင်းချလိုက်သည့်အချိန်ထိ မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန်နဲ့ ကူညီပေးမယ့် အားထားရတဲ့ Systemတစ်ခုဖြစ်ပါတယ်။

Barcode Systemအသုံးပြုရန် ဘာတွေလိုအပ်မလဲ?

🎈 Barcode Printer
Productတစ်ခုချင်းစီတိုင်းအတွက် Barcodeလေးတွေ၊ Labelလေးတွေထုတ်ဖို့ ကူညီပေးနိုင်တဲ့ အရာလေးတစ်ခုဖြစ်ပြီး Printing Technologies (၂)မျိုးနဲ့အလုပ်လုပ်ပါတယ်။

📎 Direct Thermal Printing
Printheadလေးကို အသုံးပြုပြီး Printing Paperပေါ်မှာ အပူထုတ်လွှတ်ကာ Coating လုပ်ပေးခြင်းအားဖြင့် အနက်ရောင် Barcode, Label တို့ ကိုပုံဖော်ပေးတဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။ ဒီနည်းပညာမှာတော့ Tonerတွေ၊ Inkတွေ၊ Ribbonတွေ မလိုအပ်ပဲ Thermal Paperလေးရှိယုံမျှနှင့် အဆင်ပြေစေတဲ့ နည်းပညာလေးတစ်ခုဖြစ်ပါတယ်။ ဒီနည်းပညာကို အသုံးပြုထားတဲ့ Desktop Printerတွေလည်းရှိသလို Portable Printerလေးတွေမှာလည်း Direct Thermalနည်းပညာကို အများဆုံးအသုံးပြုကြပါတယ်။ ဒီနည်းပညာနဲ့ ထုတ်ထားတဲ့ Barcodeတွေ၊ Labelတွေ၊ ငွေရှင်းပြေစာတွေဟာ အချိန်ကြာလာတာနဲ့အမျှ အရောင်မှိန်လာနိုင်ပေမယ့် လွယ်ကူအဆင်ပြေတာကြောင့် လုပ်ငန်းတွေမှာ အဆင်ပြေပြေနဲ့ အသုံးပြုနေကြပါတယ်။

📎 Thermal Transfer Printing
ဒီနည်းပညာဟာလဲ Direct Thermalနည်းတူ Printheadလေးကနေ အပူကိုထုတ်လွှတ်ပြီး ကြားခံ Ribbonမှာပါတဲ့ Wax or Resinကို အရည်ပျော်ကျစေကာ Paperပေါ်မှာ Printလုပ်တဲ့ နည်းပညာဖြစ်ပါတယ်။ Print Quality အထူးကောင်းမွန်ပြီး အချိန်အတော်တန်ကြာအောင် အရောင်မမှိန်နိုင်တဲ့ အတွက် လုပ်ငန်းတော်တော်များများမှာ Thermal Transfer နည်းပညာသုံး Printerလေးတွေကို အများဆုံးအသုံးပြုနေကြတာကိုလည်း တွေ့မြင်နိုင်ပါတယ်။

🎈 Barcode Scanner
Barcodeထဲမှာပါတဲ့ Dataတွေ အချက်အလက်တွေကို Scanဖတ်ကာ Decodeလုပ်ပေးပြီး Computer Systemထဲသို့ပို့ဆောင်ပေးတဲ့ အရာလေးတစ်ခုဖြစ်ပါတယ်။
Barcode Scannerတွေမှာတော့ သူတို့ရဲ့ Scanဖတ်တဲ့နည်းပညာတွေအရ
📎 Pen Type Readers
📎 Laser Barcode Scanners
📎 CCD Barcode Scanners
📎 Imager Barcode Scanners
ဆိုပြီး အမျိုးအစား(၄)မျိုးခွဲခြားသတ်မှတ်ထားပါတယ်။
Laser Barcode Scannersတွေကိုတော့ 1D Barcode တွေကို Scanဖတ်တဲ့နေရာမှာ အများဆုံးအသုံးပြုကြပြီး Imager Barcode Scannerတွေကိုတော့ 2D Barcode/ QR Codeတွေ Scanဖတ်တဲ့ နေရာမှာ အသုံးများကြပါတယ်။

Scannerလေးတွေကို သူတို့ရဲ့ ပုံသဏ္ဍာန်နဲ့ သုံးစွဲမှုပုံစံတွေအပေါ်မှာမူတည်ပြီးတော့ အမျိုးအစား(၂)မျိုးထပ်ခွဲလို့ရပါသေးတယ်။
🔦 Hand-Free Barcode Scanners
Storeဆိုင်တွေ Supermarketတွေနဲ့ Mini Martအစရှိတဲ့ Retailနဲ့ ဆိုင်တဲ့နေရတွေမှာ အသုံးများကြပါတယ်။ Produtတွေကို Scannerအနားမှာ ဘယ်လိုပုံစံပဲကပ်လိုက်ကပ်လိုက် Scanဖတ်ပေးမယ့် Scannerတစ်လုံးပဲဖြစ်ပါတယ်။

🔦 Hand-Held Barcode Scanners
ဒီ Scannerလေးတွေမှာဆိုရင်တော့ အမျိုးအစား(၃)မျိုးရှိပါသေးတယ်။

📎 2.4GHz
2.4GHz Scannersတွေမှာတော့ Computerမှာ USB Adapterလေးထိုးလိုက်ယုံနဲ့ Scanဖတ်နိုင်ပါတယ်။

📎 Bluetooth Wireless Scanner
Bluetooth Wireless Scannerတွေမှာတော့ Computerမှာ Build-Inပါဝင်တဲ့ Bluetoothလေးဖွင့်ကာ ချိတ်ဆက်အသုံးပြုယုံပါပဲ။

📎 Cable(Wired)
Cable(Wired) Scannerတွေမှာတော့ USB Cable ကြိုးတစ်ချောင်းတွဲရက်ပါရှိတဲ့အတွက် Computerနဲ့ အလွယ်တကူချိတ်ဆက်ပြီး အသုံးပြုနိုင်ပါတယ်။

Barcode Systemတွေဟာ သင်တို့ရဲ့ လုပ်ငန်းကို မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန်နဲ့ အကျိုးရှိရှိ ကူညီပေးမယ့် System လေးတစ်ခုဖြစ်တာကြောင့် International Standardနဲ့အညီ စနစ်တကျ အသုံးပြုဖို့တိုက်တွန်းရင်း Barcode Systemလေးအကြောင်းကို ဒီမှာပဲရပ်နားခွင့်ပြုပါရှင့်။

Share this post
Archive