Cashier
လုပ်ငန်းတစ်ခုမှာ အရေးပါတဲ့ သူတစ်ယောက်
8 February, 2020 by
Cashier
234, Administrator

Cashierဆိုတာ သင်တို့ရဲ့ ဆိုင်၊ Company၊ ဘဏ်အစရှိတဲ့နေရာတွေမှာ 💵ငွေကိုင်တဲ့ ဝန်ထမ်းလေးတွေကို ခေါ်ပါတယ်။
Cashierတစ်ယောက်ဟာ သင့်လုပ်ငန်းအတွက် အရေးကြီးတဲ့ ငွေသားအဝင်အထွက်တွေ၊ အရောင်း Transaction တွေအပြင် Customerတွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံမှုတွေ လုပ်ရတဲ့သူ ဖြစ်တဲ့အတွက်ကြောင့် များစွာမှ အရေးပါလှတဲ့ Roleတစ်ခုဖြစ်ပါတယ်။

Cashier ကောင်းတစ်ယောက်ဆိုတာ...

👍 ရိုးသားမှုနဲ့ ယုံကြည်စိတ်ချရမှု ရှိရမယ်
Cash Management ဟာ စာရင်းအင်းပညာ(Accounting)လောက် 👩‍💻တွက်ရေးချက်ရေးနဲ့ ခေါင်းပူစရာတွေ အများကြီးမရှိပေမယ့်လည်း ငွေဝင်၊ ငွေထွက်၊ ငွေလက်ကျန်တွေကို စနစ်တကျ ထိန်းသိမ်းရခြင်း၊ စီမံခန့်ခွဲရခြင်းတွေ လုပ်ဆောင်ရတဲ့အတွက် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုတွေထက် ယုံကြည်စိတ်ချရတဲ့သူမျိုးဖြစ်ဖို့လိုပါတယ်။

👍 POS System နဲ့ ရင်းနှီးကျွမ်း၀င်မှုရှိရမယ်
ဒီကနေ့ခေတ်မှာ ဆိုင်တိုင်းလိုလို၊ လုပ်ငန်းတိုင်းလိုလိုမှာ POS System တွေ အသုံးပြုပြီး စျေးရောင်းနေကြရတဲ့အတွက် Computer ကိုကျွမ်းကျွမ်းကျင်ကျင်သုံးနိုင်ပြီး POS System နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ Cashier မျိုးဖြစ်ဖို့လိုပါတယ်။

👍 ဆက်ဆံရေးကောင်းမွန်တဲ့သူဖြစ်ရမယ်
Cashier တစ်ယောက်ဟာ Customer တွေကို ရင်းနှီးဖော်ရွေစွာပြောဆိုဆက်ဆံနိုင်ရပါမယ်။
ဒေါသထွက်နေတဲ့ Customerကိုတောင် အပြုံးမပျက်စျေးရောင်းနိုင်သူမျိုး ဖြစ်ရမယ်။
Cashier တစ်ယောက်ရဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးဟာ Customer ကို စိတ်ကျေနပ်မှုပေးနိုင်မှာဖြစ်ပါတယ်။
နောက်ပြီး ဖြတ်ထိုးညဏ်ကောင်းဖို့လည်းအရေးကြီးပါသေးတယ်။
Customer တွေကို တစ်မျိုးပြီးတစ်မျိုး ၀ယ်ချင်လာအောင် စွဲဆောင်နိုင်ဖို့လည်း လိုတယ်နော်။

👍 Product Knowledge အပြည့်အဝ ရှိရမယ်
ကိုယ့်ဆိုင်မှာ ရောင်းတဲ့ Product အကြောင်းကို ကောင်းကောင်းနားလည်မှသာ Customer တွေ သိလိုသမျှအကြောင်းအရာတွေကို ဒိုးဒိုးဒေါက်ဒေါက်ဖြေနိုင်မယ် Customer နဲ့ ဆိုင်ရဲ့ကြားထဲမှာလည်း ယုံကြည်မှုပိုရှိလာစေနိုင်ပါတယ်။
Product တွေအကြောင်း သေချာ သိထားတော့ POS System ထဲမှာ စျေးနူန်းလွဲနေတာမျိုးတွေ Product မှားနေတာမျိုးတွေ ဖြစ်နေရင်တောင်မှ မှန်ကန်တိကျစွာ ပြင်ဆင်ရောင်းချပေးနိုင်မှာပဲ ဖြစ်ပါတယ်။

သင့်လုပ်ငန်းမှာ 🖥️POS System တစ်ခု အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ အရေအသွေးကောင်းမွန်တဲ့ Software Hardware နဲ့ ဆက်စပ်ပစ္စည်းများ လိုအပ်သလို ထိရောက်စွာ အသုံးပြုပေးမယ့် Cashierကောင်းတွေ အများကြီး လိုအပ်ပါတယ်။ POS System ဘယ်လောက်ကောင်းနေနေ ယုံကြည်စိတ်ချရတဲ့ Cashierတွေ မရှိရင်လည်း သင့်ရဲ့လုပ်ငန်းမှာ အမှားအယွင်းတွေ ယိုစိမ့်ပေါက်တွေ ဖြစ်လာနိုင်ပါတယ်။

ဒီလိုမျိုးတွေ မဖြစ်ရလေအောင် သင်တို့ရဲ့လုပ်ငန်းအတွက် ယုံကြည်စိတ်ချရတဲ့ Cashier ကောင်းကောင်းကို‌ ရွေးချယ်ဖို့လိုအပ်သလို လက်ရှိCashier လေးတွေကိုလည်း အထက်ပါအချက်များနဲ့ ပြည့်စုံအောင် လေ့ကျင့်သင်ကြားပေးဖို့ လိုတယ်နော်။

Share this post
Archive