EAS System
EAS System ဆိုတာဘာလဲ?
24 March, 2020 by
EAS System
234, Administrator

Electronic Artical Surveillance(EAS) System (or) Anti-Theft System ဆိုတာဟာ အလွယ်ပြောကြမယ်ဆိုရင် Electornic Device တွေကနေ ထွက်လာတဲ့ သံလိုက်စက်ကွင်းတွေမှတစ်ဆင့် မိမိဆိုင်မှ ကုန်ပစ္စည်းများ ခိုးယူခံရမှုတွေကို စောင့်ကြည့်ဖမ်းဆီးပေးမယ့် System တစ်ခုပါ။

ဒီ EAS Systemတစ်ခုမှာ
🎈Electronic Antenna
🎈Deactivator or Detacher
🎈Electronic Tag ဆိုပြီး
အဓိကComponent (၃)ခုပါဝင်ပါတယ်။

ကုန်ပစ္စည်းတိုင်းမှာ Barcodeတစ်ခု ဒါမှမဟုတ် Label/Tagတစ်ခုစီ ကပ်ထားလေ့ရှိပါတယ်။
ကုန်ပစ္စည်းတစ်ခုကို ဝယ်ယူပြီးလို့ check out လုပ်တော့မယ်ဆိုရင်တော့ ဒီ Label / Tagလေးတွေကို ငွေရှင်းကောင်တာမှာ Cashierလေးက Deactivate လုပ်ပေးပြီးမှသာ ထွက်ခွာလို့ရမှာပဲဖြစ်ပါတယ်။

ပုံမှန် Labelလေးတွေ Tagလေးတွေကိုတော့ "Label Deactivator"လေးနဲ့ Deactivate ပြုလုပ်လေ့ရှိကြပြီး ဖယ်ဖို့ ဖျက်ဖို့ခက်ခဲတဲ့ Tagတွေ Labelတွေကိုတော့ "Detacher"လေးနဲ့ Deactivate လုပ်လေ့ရှိကြပါတယ်။

ဒီလို ကုန်ပစ္စည်းတွေရဲ့ Labelတွေကို Deactivate လုပ်ပြီးမှသာ Antenna ကိုဖြတ်တဲ့အခါမှာ Alarm မမြည်ဘဲ အဆင်ပြေပြေနဲ့ check out လုပ်နိုင်မှာပဲဖြစ်ပါတယ်။ အကယ်၍များ အကြောင်းအမျိုးမျိုးကြောင့် Deactivate မလုပ်မိလိုက်တာမျိုးဖြစ်လာတဲ့အခါမှာ Detection Systemမှတစ်ဆင့် Alarmထမြည်လာကာ တာဝန်ကျ Securityရဲ့ စစ်ဆေးမှုကို ခံရမှာပဲဖြစ်ပါတယ်။

EAS Systemတစ်ခုမှာအမျိုးအစားအားဖြင့် (၆)မျိုးလောက်ရှိကြပေမယ့်
🎈Acousto-Magnetic(AM) Systemနဲ့
🎈Radio Frequency(RF) Systemလေး (၂)ခုကတော့ အများဆုံးအသုံးပြုနေကြတဲ့ အမျိုးအစားလေးတွေပဲဖြစ်ပါတယ်။

ဒီSystem (၂)ခုလုံးမှာ Security Tagများနဲ့ ဆိုင်တော်တော်များများရဲ့ အထွက်နေရာမှာရှိတတ်တဲ့ Antennaတွေ ကြားမှာရှိတဲ့ Communicationတွေနဲ့အတူ အလုပ်လုပ်ဆောင်ကြပါတယ်။ လွယ်လွယ်ပြောရရင်တော့ Antenna ကနေ ပို့လွှတ်လိုက်တဲ့ Signalတွေကို Labelတွေဘက်နေ ပြန်ဖြေပေးတဲ့ ပုံစံမျိုးပါ။

📎🎈AM System နဲ့ 🎈RF System ဘယ်လိုတွေ ကွာခြားတာလဲ?

🎈AM နဲ့ 🎈RFရဲ့ အဓိက ကွာခြားချက်ကိုပြပါဆိုရင်တော့ သူတို့ရဲ့ ထုတ်လုပ်တဲ့ Frequencyတွေမတူညီကြတာကိုပဲ ပြရပါလိမ့်မယ်။
🎈AMမှာ Signal တစ်ခုကို တစ်စက္ကန့်အတွင်း pulses 50 နဲ့ 90KHzကြားပို့လွှတ်ပြီးတော့
🎈RFမှာတော့ 8.2MHzအထိ Signalပို့လွှတ်ပါတယ်။

🎈AM Systemရဲ့ Tagလေးတွေ Labelလေးတွေဟာ အရွယ်အစားအားဖြင့်တော့ အမျိုးမျိုးရှိပါတယ်။ သူတို့ဟာ RF Labelတွေလောက်တော့ မပါးကြပါဘူး။
သူတို့ကို Magnetic Deactivatorနဲ့ Deactivate လုပ်ကြပြီး Magnetic Security Tag Detacherလေးတွေနဲ့ Hard Tag လေးတွေကို ဖယ်ရှားကြရပါတယ်။

🎈RF Systemရဲ့ Tagလေးတွေ Labelလေးတွေ မှာတော့ အလွန်ပါးလွှာတဲ့ Soft Label လေးတွေကနေ Hard Tagတွေအထိ အမျိုးမျိုးရှိကြပါတယ်။ သူတို့ကိုလေးတွေဟာ အဝတ်အစား၊ အစားအစာနှင့်ဆေးဝါးထုတ်ကုန်ပစ္စည်းများမှာ အများဆုံး အသုံးပြုဖို့ သင့်တော်တဲ့ အမျိုးအစားလေးတွေဖြစ်ကြပါတယ်။
Label Deactivatorလေးနဲ့ Labelရဲ့ circuitတွေကို ဖျက်ဆီးပစ်ခြင်းအားဖြင့် Deactiveပြုလုပ်လေ့ရှိပါတယ်။ Hard Tagလေးတွေကိုတော့ Powerfulဖြစ်တဲ့ Magnetic Security Detacherလေးတွေနဲ့ Deactiveလုပ်လေ့ရှိပါတယ်။

📎ဘယ်လိုနေရာတွေမှာအသုံးပြုကြတာလဲ?

🎈AM EAS Systemကိုတော့ စတိုးဆိုင်ကြီးတွေ၊ Hardwareအရောင်းဆိုင်ကြီးတွေမှာ အများဆုံးတွေ့ရတက်ပြီး လက်လီရောင်းချတဲ့ လုပ်ငန်းလေးတွေမှာလည်း အသုံးပြုလေ့ရှိကြပါတယ်။

🎈RF EAS Systemကိုတော့ ကုန်ပစ္စည်းအများကြီးကို ထုတ်လုပ်ရောင်းချတဲ့ Retailerတွေအများဆုံး အသုံးပြုကြတာကိုတွေ့ရပါတယ်။ သူတို့ကိုတော့ Super Marketတွေ၊ Discountချတဲ့ စတိုးဆိုင်တွေ၊ ဓာတုဗေဒထုတ်ကုန်တွေနဲ့ အဝတ်အထည်စတိုးဆိုင်တွေမှာလည်း တွင်တွင်ကျယ်ကျယ်အသုံးပြုကြတာကိုလည်း တွေ့နိုင်ပါတယ်။ အသုံးများရခြင်းအကြောင်းအရင်းကို ပြပါဆိုရင်လည်း RF EAS System ဟာ AM EAS Systemထက်ပိုပြီး Installationလုပ်တဲ့နေရာမှာစျေးသက်သာပါတယ်။ သို့သော်လည်း သင့်ရဲ့ လုပ်ငန်း (or) ဆိုင်ရဲ့ အကျယ်အဝန်း Productတွေအပေါ်မှာ မူတည်ပြီးတော့ ရွေးချယ်ကြဖို့ကိုလည်း တိုက်တွန်းပါရစေ။

# POS
Share this post
Tags
Edit
POS
Archive