ဒီ Crisis ကြီးကို ကျော်ဖြတ်နေရတဲ့ အခုလိုအချိန်အခါမျိုးမှာ...

သင်ဟာ Work from Home လုပ်နေရတဲ့ သူတစ်ယောက်လား?
ကိုယ်ပိုင် အချိန်တွေမှာ Online learning လုပ်နေတဲ့သူတစ်ယောက်လား?
ဒါဆိုရင်တော့ သင်တို့အတွက် Work From Home / Online Learning ပြုလုပ်တဲ့အခါမှာ လိုအပ်တဲ့ IT ပစ္စည်းလေးတွေအကြောင်းကို ဒီ Artical လေးမှာ Knowledge Sharing လေးလုပ်ပေးသွားချင်ပါတယ်...

Work from Home မှာ ဘယ်လို IT ပစ္စည်းအသုံးအဆောင်လေးတွေလိုအပ်တာလဲ?
ပထမဆုံးအနေနဲ့ လိုအပ်တာကတော့...

Work From Home မှာပဲဖြစ်ဖြစ် Online Learning မှာပဲဖြစ်ဖြစ် မရှိမဖြစ်လိုအပ်တဲ့ အရာလေးတစ်ခုဖြစ်ပါလိမ့်မယ်...
Productivity ကောင်းမွန်ဖို့အတွက်ဆိုရင် Mobile Phone / Tablet ထက် PC ကိုသုံးတာ ပိုပြီးတော့အဆင်ပြေပါလိမ့်မယ်...

Fixed line internet (Fiber) connection တွေမှာဆိုရင်တော့ တော်တော်များများမှာ Router ငှားရမ်းပေးတဲ့ ဝန်ဆောင်မှု ပါပြီးသားဖြစ်ပါလိမ့်မယ်။
Mobile Data နဲ့ Internet အသုံးပြုမယ်ဆိုရင်တော့ Wireless ချိတ်ဆက်ပြီး အသုံးပြုနိုင်ဖို့ လိုင်းဆွဲအားကောင်းတဲ့ WiFi Router (၁) လုံး လိုအပ်ပါတယ်...

Work from Home မှာ Desktop တွေအတွက် WiFi ချိတ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အရာလေးတစ်ခုပါ...
Laptop တော်တော်များများမှာတော့ Built in ပါဝင်ကြပါတယ်…

Work From Home မှာပဲဖြစ်ဖြစ် Online Learning မှာပဲဖြစ်ဖြစ်....
Computer အချိန်များစွာ အသုံးပြုရမှာဖြစ်တဲ့အတွက် မျက်လုံးကို ထိခိုက်မှုတွေမှ သက်သာစေပြီး ကြည်လင်ပြတ်သားသောမြင်ကွင်းကျယ်တွေ မြင်ရဖို့ဟာလည်း အဓိကကျပါတယ်…
ဒါတွေအတွက် အရည်အသွေးကောင်း Screen Size ကြီးကြီး Monitor ကောင်း တစ်လုံးလည်း ရှိဖို့လိုမယ်နော်...

Video Conferencing နဲ့ အခြားသော Meeting တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာလေးတစ်ခုပါ...
Laptop တော်တော်များများမှာ Built in ပါဝင်ပေမယ့် Desktop တွေအတွက်ဆိုရင်တော့ External Webcam လေးတွေလိုအပ်ပါတယ်...

Individual video conferencing တွေမှာတော့ ကိုယ်ပိုင် Headset လေးတစ်ခုနဲ့ လုံလောက်ပေမယ့်...
Group video conferencing တွေလုပ်တဲ့အခါမှာတော့ အများဝိုင်းပြီး အသုံးပြုနိုင်ဖို့၊ ရှင်းလင်းပြတ်သားစွာပြောဆိုနိုင်ဖို့၊ ကြားရဖို့အတွက် "Speaker နဲ့ Microphone" တွေလိုအပ်ပါတယ်...

Soft copy (digital) documents တွေကို Hard copy (စာရွက်) ထုတ်ကြည့်ဖို့ လိုအပ်တဲ့အခါမျိုးမှာ ဆိုရင်တော့ Printer လေးတစ်လုံးရှိဖို့ လည်းလိုအပ်ပါမယ်...

ဒီလိုလိုအပ်ချက်တွေအများကြီးကို ကျော်လွန်ပြီး အခြားရွေးချယ်စရာ IT ပစ္စည်းတစ်ခု အနေနဲ့ Tablet ကိုအသုံးပြုနိုင်ပါတယ်...
Tablet ရဲ့ အားသာချက်တွေကတော့ All in one ဖြစ်တဲ့အတွက် အသုံးပြုရလွယ်ကူပါတယ်(4G, WiFi, Webcam, Speaker, Mic အကုန်လုံး Support ပေးတယ်)...
အရွယ်အစား သေးငယ်ကျစ်လစ်ပြီးတော့ Portable ဖြစ်တယ်...
အားနည်းချက်တွေကတော့ Monitor လောက်မကြီးတဲ့ Screen Size သေးတာမို့ ကြာရှည်အသုံးပြုမယ်ဆိုရင် မျက်လုံးကိုထိခိုက်နိုင်တယ်...
Video conferencing အတွက် အတိုင်းအတာတစ်ခုထိ အဆင်ပြေပေမယ့် လုပ်ငန်းသုံး PC တစ်ခုအနေနဲ့ အသုံးပြုမယ်ဆိုရင်တော့ Productivity ပိုင်းမှာလုံးဝမကောင်းနိုင်ပါဘူး...
ဒီလောက်ဆိုရင်တော့ Work From Home မှာ သင့်အတွက်လိုအပ်မယ့် IT ပစ္စည်းလေးတွေရဲ့ အကြောင်းကိုသိရှိနိုင်လိမ့်မယ်လို့ ယူဆရင်းနဲ့ပဲ...