Benefits of POS System
POS System အသုံးပြုခြင်းဖြင့် ရရှိလာမယ့် အကျိုးကျေးဇူးများ
29 December, 2020 by
Benefits of POS System
234, Administrator
၂၁ ရာစု အတွင်း သတင်းအချက်လက်နည်းပညာများ အထူးလျင်မြန်စွာဖွံ့ဖြိုးလာခြင်းနှင့်အတူ နည်းပညာအသုံးချမှုများဟာ စီးပွားရေး လျင်မြန်စွာတိုးတက်ကောင်းမွန်မှုအတွက် အထူးအရေးပါ အရာရောက်လာခဲ့ပါတယ်။ လူကြီးမင်းအနေနဲ့ သင့်ရဲ့ ကုန်ထုတ်လုပ်ငန်းတွေ သာမက ရောင်း၀ယ်ရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ Software တွေကို စနစ်တကျ အသုံးပြုခြင်းဖြင့် သင့်ရဲ့ လုပ်ငန်းဆိုင်ရာ Operation ပိုင်းများကို သာမက ငွေကြေးလည်ပတ်မှုများကို ပါ စနစ်တကျ မှန်မှန်ကန်ကန် နဲ့ ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာ ‌တော့ ဗဟုသုတလေးအဖြစ် POS System လေး တစ်ခုကို သင့်ရဲ့ ဆိုင်မှာ အသုံးပြုခြင်းဖြင့် ရရှိလာနိုင်မယ့် အကျိုးကျေးဇူးများကို ကောက်နုတ်ဖော်ပြပေးလိုက်ရပါတယ်။ 😇😇
ကဲ.. အဲ့တော့ POS System ဆိုတာဘာလဲဆိုတာကနေ စလိုက်ကြရအောင် ….
POS System ဆိုတဲ့ ‌စကားလုံးရဲ့ နာမည် အပြည့်အစုံလေးကတော့ Point Of Sale System ဖြစ်ပြီးတော့ သင့်ရဲ့ ကုန်ပစ္စည်းရောင်းချမှုတွေကို တိကျ မှန်ကန်စွာ မှတ်သားထားပြီး လိုအပ်တဲ့ ငွေရှင်းပြေစာများ ထုတ်ပေးနိုင်ခြင်း စသောအခြေခံလုပ်ဆောင်ချက်မှ စပြီး ဆိုင်တစ်ဆိုင်မှာ ဘယ်ကုန်ပစ္စည်းတွေက ဘယ်နှခုပဲ ကျန်တယ်၊ ဘယ်ပစ္စည်းတွေက တော့ ရောင်းအားအကောင်းဆုံး ဖြစ်နေတယ် ဆိုတာတွေအထိ အတိအကျ ထိန်းချုပ်အသိပေးနိုင်တဲ့ Software အမျိုးအစားလေး ဖြစ်ပါတယ်။
အဲ့ဒီတော့ POS System လေးကို အသုံးပြုပြီး ဘာအကျိုးကျေးဇူးတွေ ရရှိနိုင်လဲ ဆိုတာအပြည့်အစုံသိရဖို့ အတွက် ဆက်လက်ဖတ်ရှုကြည့်လိုက်ကြရအောင်
(၁) သင့်လုပ်ငန်းရဲ့ ကုန်ပစ္စည်းလက်ကျန်တွေကို ကောင်းမွန်စွာထိန်းချုပ်နိုင်ခြင်း
POS System ကိုအသုံးပြုပြီး ဆိုင်တစ်ဆိုင်မှာ ရှိနေတဲ့ ကုန်ပစ္စည်းတွေကို ဘယ်ဟာကတော့ ပစ္စည်းပြတ်တော့မှာ၊ ဘယ်ပစ္စည်းကတော့ Stock ပြန်ထည့်ရတော့မှာလဲ ဆိုတာ ကို စနစ်တကျအချိန်နဲ့ တပြေးညီ သိရှိနိုင်တဲ့အတွက် ပစ္စည်းပြတ်လပ်မှုတွေ မဖြစ်အောင်ထိန်းချုပ်နိုင်ပါတယ်။
(၂) ရိုးရှင်းလွယ်ကူလျင်မြန်သော Invoice များကို အချိန်နဲ့တပြေးညီ ထုတ်ပေးနိုင်သောကြောင့် ငွေရှင်းရလွယ်ကူခြင်း
သင့်ဆိုင်ရဲ့ ငွေရှင်းကောင်တာမှာ POS System ကိုအသုံးပြုပြီး လွယ်ကူမှန်ကန်စွာဖြင့် လိုအပ်သော Invoice များကို လျင်မြန်စွာထုတ်လုပ်ပေးနိုင်ပါတယ်။ အဲ့တော့ ဝယ်သူရဲ့ ပစ္စည်းတွေများနေရင်တောင် Calculator နှိပ်ပြီး ငွေတွက်ပေးနေစရာမလိုတဲ့အတွက် အချိန်ကုန်သက်သာပြီး ငွေရှင်းရလွယ်ကူစေပါတယ်။
(၃) Customer တွေကို Management လုပ်နိုင်ရုံသာမက Customer Order တွေကို ကောင်းကောင်း Handle လုပ်နိုင်ခြင်း
POS System ကိုအသုံးပြုပြီး သင့်ရဲ့ Customer တစ်ယောက်ချင်းစီရဲ့ Information တွေကို မှတ်ထားနိုင်ပါတယ်။ အဲဒီတော့ သင့်အနေနဲ့ ဝယ်နေကျ ဖောက်သည်တွေကို Customer Type ခွဲပြီး Promotion တွေပေးတာ ပြီးတော့ Discount ချပေးတာတွေကို စိတ်တိုင်းကျ စီမံနိုင်မှာပဲ ဖြစ်ပါတယ်။
(၄) Security ပိုကောင်းလာခြင်း
သင့်အနေနဲ့ သင့်ရဲ့ ဆိုင်က ငွေရှင်းကောင်တာတွေရဲ့လုံခြုံရေးကို အထူးတလည်ကောင်းမွန် စိတ်ချစေချင်တယ်ဆိုရင် POS System ကိုအသုံးပြုပြီး ထိန်းချုပ်နိုင်ပါသေးတယ်။ ကောင်းမွန်တဲ့ POS System တွေမှာ ဘောက်ချာထုတ်ပြီး Cash Drawer Box (ငွေသိမ်းအံဆွဲ) ကို အလိုအလျောက် အဖွင့်အပိတ် လုပ်ပေးနိုင်တဲ့ စနစ်တွေပါရှိတဲ့ အတွက် သင့်အနေနဲ့ အ‌ဝေးကနေပြီး ရောင်းဝယ်မှုတွေကို သင့်ရဲ့ ဝန်ထမ်းတွေကို ယုံကြည်စိတ်ချစွာ အပ်ထားနိုင်ပါတယ်။
(၅) သင့်ရဲ့ ဝန်ထမ်းတွေကို စီမံခန့်ခွဲနိုင်တာ
သင်အသုံးပြုမဲ့ ဆိုင်မှာ 24 နာရီ Run မယ့်ဆိုင်မျိုးဖြစ်စေ၊ ဝန်ထမ်းများ အလှည့်ကျ ငွေရှင်းကောင်တာတွေကို အသုံးပြုမယ့် ဆိုင်မျိုးဖြစ်စေကာမှု သင့်အနေနဲ့ သင့်ရဲ့ ဝန်ထမ်းတွေရဲ့ Software အသုံးပြုမှု တွေကို ကောင်းမွန်စွာချုပ်နိုင်ပြီး ဝန်ထမ်းတစ်ယောက်ချင်းစီရဲ့ ရောင်းအားကိုပါ တွက်ချက်နိုင်ပါသေးတယ်။ ပြီးတော့ သင့်အနေနဲ့ သင့်ဆိုင်ရဲ့ ရောင်းအားအကောင်းဆုံးအချိန်တွေကို ပါ အတိအကျ သိရှိနိုင်ပြီး ဝန်ထမ်းအင်အားတွေကို ဘယ်အချိန်မှာ သုံးရမယ်ဆိုတာကအစ ဆိုင်အတွက် လိုအပ်ပြီး အရေးပါတဲ့ Decision တွေကို ချရာမှာလည်း အသုံးပြုနိုင်ပါတယ်။
(၆) လုပ်ငန်းလုပ်ဆောင်ချက်တွေအတွက် အချိန်ကုန်သက်သာစေရုံသာမက ကုန်ကျစရိတ်သက်သာစေခြင်း
သင့်အနေနဲ့ သင့်လုပ်ငန်းအတွက်နေ့စဥ် ဝင်ငွေထွက်ငွေများကို POS System ကိုအသုံးပြုပြီး စနစ်တကျ လျင်မြန်မှန်ကန်စွာ အသုံးပြုနိုင်တဲ့အတွက် သင့်အနေနဲ့ အချိန်ကုန်ဆုံးမှုတွေကို ချွေတာနိုင်ပြီး မလိုအပ်တော့တဲ့ ဝန်ထမ်းတွေလျှော့ချကာ လုပ်ငန်းလုပ်ဆောင်ချက်တစ်ခုလုံးကို ကျစ်ကျစ်လစ်လစ်နဲ့ လွယ်ကူစွာထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။
ကဲဒါလေးတွေကတော့ POS System ကိုအသုံးပြုပြီး ရရှိနိုင်မယ့် အကျိုးကျေးဇူးလေးတွေပါ။ အခုတစ်ခါ သင်ရဲ့ ဆိုင်မှာ POS System တစ်ခု၀ယ်ယူကာ လုပ်ငန်းလည်ပတ်ဖို့ ဘာ IT ပစ္စည်းလေးတွေ လိုအပ်လဲဆိုတာ တစ်ချက်ကြည့်လိုက်ရအောင်။
(၁) ကွန်ပျူတာ (သို့) Tablet တစ်လုံး
(၂) Invoice များထုတ်ရန်အတွက် Receipt / Slip Printer တစ်ခု
(၃) လုံခြုံစိတ်ချရတဲ့ ငွေသိမ်းအံဆွဲ Cash Drawer တစ်ခု
(၄) သင့်ရဲ့ ပစ္စည်းတွေမှာ Barcode ကပ်ရန်အတွက် Barcode Printer တစ်ခု
(၅) Customer များဝယ်ယူလိုက်သောပစ္စည်းတွေမှတ်သားကာ စျေးတွက်ချက်ဖို့ရန်အတွက် လိုအပ်တဲ့ Barcode Scanner တစ်ခု အစရှိသဖြင့် သင့်ရဲ့ အသုံးပြုမှုပေါ်မူတည်ပြီး အခြား Accessories ပစ္စည်းတွေလည်း လိုအပ်မှာဖြစ်ပါတယ်။
Share this post
Archive