Choosing a POS Software
POS Software တစ်ခုရွေးချယ်ရာဝယ်
13 October, 2020 by
Choosing a POS Software
234, Administrator
ဒီကနေ့မှာတော့ POS Software တစ်ခုကို ရွေးချယ်တော့မယ်ဆိုရင် သိသင့်တဲ့ အကြောင်းအရာတွေ၊ လေ့လာသင့်တဲ့ အကြောင်းအရာတွေကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်....
✅Functions
ပထမဦးဆုံး အနေနဲ့ software မှာပါဝင်တဲ့ လုပ်ဆောင်ချက်(Function) တွေကို သေချာ လေ့လာသင့်ပါတယ်...
Software မှာပါဝင်တဲ့ လုပ်ဆောင်ချက်(Function) တွေက ကိုယ့်လုပ်ငန်းရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီမှုရှိရဲ့လား အံဝင်မှုရှိနေရဲ့လား လေ့လာဖို့လိုပါတယ်။ Function အနည်းအများထက် လုပ်ငန်းနဲ့ ပိုပြီး ကိုက်ညီတဲ့ software ကို ရွေးချယ်ဖို့လိုပါတယ်။
ဥပမာ - ကုန်ပစ္စည်း ယူနစ်အမျိုးမျိုး သုံးလို့ရမရ၊ Discount နဲ့ Sales Return တွေ အပြင် အရှုံးအမြတ်စာရင်းများ ချုပ်လို့ရမရ၊ ကိုယ်လိုချင်တဲ့ စာရင်းချုပ်တဲ့ပုံစံ ရမရ၊ အသုံးပြုရလွယ်မလွယ် စသဖြင့် သေချာ သိရှိအောင် လေ့လာသင့်ပါတယ်။
ဒီလို လိုအပ်ချက်တွေနဲ့ လုပ်ဆောင်မှုတွေကို ကောင်းကောင်းကြီးနားလည်မှသာ ကိုယ့်လုပ်ငန်းနဲ့ ကိုက်ညီမှုရှိတဲ့ Software ဒါမှမဟုတ် Customized / Tailor-made Software တွေ ရေးဖို့လိုအပ်နေတယ်ဆိုတာ အချိန်မှီသိရှိနိုင်မှာပါ....
✅Service
Software ရဲ့ အလုပ်လုပ်ပုံတွေကို သိရှိပြီးတဲ့နောက်မှာတော့ နောက်ထပ်အရေးကြီးတဲ့အပိုင်းတစ်ခုကတော့ Service(ဝန်ဆောင်မှု) တွေအကြောင်းပဲဖြစ်ပါတယ်....
ဒီ Service အပိုင်းမှာဆိုရင်တော့.....
👉Training Service လို့ ခေါ်တဲ့ Software အသုံးပြုနည်း သင်ကြားပေးတဲ့ ဝန်ဆောင်မှုတွေရှိသလား?
👉Supporting Service လို့ခေါ်တဲ့ Software အသုံးပြုနေစဥ် အခက်အခဲ တွေကူညီဖြေရှင်းပေးတဲ့ ဝန်ဆောင်မှု၊ စာရင်းများ ကူညီ စစ်ဆေးပေးတဲ့ ဝန်ဆောင်မှုတွေပေးသလား?
👉Software အတွက် User Manual, Training Video တွေ ပါဝင်သလား? စတဲ့ အချက်တွေကို လေ့လာစစ်ဆေးဖို့ လည်း အလွန် အရေးကြီးလှပါတယ်.....
✅Technology / Platform
ဝန်ဆောင်မှုတွေအကြောင်းကို သေသေချာချာသိရှိပြီးတဲ့နောက်မှာတော့ POS Software တွေရဲ့ Technology နဲ့ Platform တွေ အကြောင်းကိုလည်း မဖြစ်မနေသိရှိမှ အဆင်ပြေပါလိမ့်မယ်....
👉Standalone - စက် (၁) လုံးတည်းမှာပဲ Software အသုံးပြုလို့ရတဲ့ နည်းပညာတစ်ခုပါ....
👉Local Server - Server (၁) လုံးတည်းမှာ Data တွေ စာရင်းတွေကို သိမ်းဆည်းထားပြီး၊ စာရင်း ထည့်သွင်းတဲ့ စက် (Client) ပေါင်း များစွာ ပွားပြီး အသုံးပြုလို့ရတဲ့ နည်းပညာတစ်ခုပဲဖြစ်ပါတယ်....
👉Web Server - Internet နဲ့ ချိတ်ဆက်ထားတဲ့ Cloud Server တွေ ထဲမှာ Data တွေ စာရင်းတွေကို သိမ်းဆည်းထားပြီး အချိန်မရွေး နေရာမရွေး လိုအပ်လျှင် လိုအပ်သလို အသုံးပြုလို့ရတဲ့ နည်းပညာပဲဖြစ်ပါတယ်....
👉Mobile App - အခုနောက်ပိုင်းမှာတော့ Computer မှာသာမက Mobile မှာပါ အသုံးပြုလို့ရမယ့် POS Software တွေ App တွေလည်း ရှိနေပြီ ဖြစ်ပါတယ်...
ဒီလို နည်းပညာတွေကို သိထားမှသာ ကိုယ့်လုပ်ငန်းနဲ့ ဘယ်လို Technology သုံးထားတဲ့ Software က ပိုမိုကိုက်ညီမှုရှိမလဲ? ဘယ်လို Technology နဲ့ Software မျိုးကို ဝယ်ယူသင့်လဲ စဥ်းစားဆုံးဖြတ်နိုင်မှာပါ....
✅Cost
POS Software တွေဝယ်ယူတဲ့အခါမှာ ဘယ်လို Cost တွေ ရှိမှာလဲ? ဘယ်လိုတွေက ကိုယ့်လုပ်ငန်းနဲ့ကိုက်ညီမှုရှိမှာလဲ? ဆိုတဲ့ အချက်တွေကိုလည်း အသေးစိတ်သိရှိထားဖို့ လိုအပ်လှပါတယ်...
👉Lifetime - ဝယ်ယူစဥ်ကာလမှာ တစ်ကြိမ်ပဲပေးရတဲ့ Lifetime Licence Fees နဲ့ တစ်သက်တာ အသုံးပြုလို့ရတဲ့ Software တွေရှိမယ်....
👉Subscription - လစဥ် / နှစ်စဥ် ကြေး ပေးသွင်းကာအသုံးပြုရတဲ့ Software တွေလည်းရှိမယ်...
👉User Account - အသုံးပြုတဲ့ User အရေအတွက်ပေါ်မှာ ကောက်ခံတဲ့ Software တွေလည်းရှိမယ်...
👉Hosting - Web / Cloud Server ပေါ်မှာ Data တွေကို Host လုပ်ပေးပြီး လစဥ် / နှစ်စဥ် Hosting Fees ပေးသွင်းရတဲ့ Software တွေလည်း ရှိပါတယ်....
👉Maintenance - တချို့ software တွေက တော့ နှစ်စဥ် ကောက်ခံတဲ့ Maintenance Fees တွေလည်းရှိတတ်ကြပါတယ်။
ဒါကြောင့် Software တွေရဲ့ အမျိုးအစားအပေါ်မှာမူတည်ပြီးတော့ စျေးနူန်းတွေဟာလည်း မတူညီကြပါဘူး....
ဒါတွေကိုသိထားပြီး ကိုယ့်လုပ်ငန်းနဲ့ ကိုက်ညီမယ့် Software တစ်ခုရဲ့ Initial Cost အပြင် အခြားကုန်ကျစရိတ်တွေကိုပါ ထည့်သွင်းပြီးစဥ်းစားမှသာ အဆင်ပြေမှာပါ...
✅Long-term Support
ဒီအချက်ကလေးကတော့ နောက်ဆုံးအနေနဲ့ ထည့်သွင်းစဥ်းစားသင့်တဲ့ အချက်ကလေးတစ်ခုပါ...
Software တစ်ခုကို ရေရှည် အသုံးပြုဖို့ ရွေးချယ်တော့မယ်ဆိုရင် Software ကိုရေးသားပေးမယ့် / ထုတ်လုပ်တဲ့ Software company ရဲ့ ခိုင်မာမှုကို လည်း ကြည့်ဖို့လိုအပ်ပါတယ်....
Software အသုံးပြုနေစဥ် တလျှောက်လုံး အကြောင်းကြောင်းကြောင့် Error ဖြစ်လာတာတို့၊ ဝန်ထမ်းအသစ်တွေကို Software Training ပေးတာတို့၊ Function တစ်ခုခုပြင်ချင်တာ Data တွေမှားတာတို့ ရှိလာတဲ့အခါတွေမှာဆိုရင်တော့ Company ရဲ့ supporting ရေရှည်အတွက် လိုအပ်ပါတယ်....
ဒါ့ကြောင့် မိမိရွေးချယ်လိုက်တဲ့ Software company တစ်ခုရဲ့ လုပ်ငန်းသက်တမ်း၊ Customer base နဲ့ Company ရဲ့ Professional ဆန်တဲ့ Image စတာတွေကိုပါ Software တစ်ခုဝယ်ယူတေ့မယ့်အခါမျိုးမှာ ထည့်သွင်းစဥ်းစားသင့်ပါတယ်....
အခုဆိုရင်တော့ ကိုယ့်ရဲ့လုပ်ငန်းအတွက် POS Software တစ်ခု ရွေးချယ်ဝယ်ယူတဲ့အခါ 🤔စဥ်းစားရမယ့် အချက်တွေကို တော်တော်လေးနားလည်သဘောပေါက်ပြီး သေသေချာချာလေး ရွေးချယ်ဝယ်ယူနိုင်ကြမယ်လို့ မျှော်လင့်ရင်း....🤝
Share this post
Tags
Edit
Archive