Hardware Interface
Interface များအကြောင်း
28 September, 2020 by
Hardware Interface
234, Administrator
ဒီကနေ့
ဝေမျှပေးသွားမယ့်အကြောင်းအရာလေးကတော့ IT ပစ္စည်းတွေရဲ့ "Interface" လေးတွေအကြောင်းပဲဖြစ်ပါတယ်....
🎈ပထမဆုံး "USB" အကြောင်းလေးကနေ စလိုက်ကြရအောင်....
"USB - Universal Serial Bus"
ဒီနေ့ခေတ်မှာတော့ IT ပစ္စည်းတော်တော်များများမှာ USB ကို မြင်တွေ့နေကြပါပြီ....
သူ့ကိုတော့ Computer နဲ့ ပစ္စည်းတွေကြားမှာ ချိတ်ဆက်ခြင်းများ၊ Power Supply Cable များအဖြစ် Connect လုပ်ပြီး အသုံးပြုကြပါတယ်....
USB ရဲ့Data Transfer Rate ကလည်း Version ပေါ်မူတည်ပြီး 12 Mbps ကနေ 10 Gbps ထိ Transfer လုပ်ပေးနိုင်ပါတယ်....
သူ့ရဲ့ Connector Types လေးတွေကလည်း မသိမဖြစ်သိထားသင့်တဲ့ အရာလေးတစ်ခုပါပဲ...
Standard - Type A / B
mini - Type A / B
micro - Type A / B / C
Standard - Type B ကိုတော့ Printer များမှာ အသုံးပြုထားကြပြီး....
Mobile Phone အများစုမှာတော့ micro -Type B ကိုအသုံးပြုထားကြပါတယ်...
ဒါ့အပြင် mini -Type B ကို Scanner နဲ့ အခြား IT ပစ္စည်းမှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုကြပါတယ်...
micro - Type C ကတော့ နောက်ဆုံးထွက်ရှိထားတဲ့ မြန်နူန်းမြင့် Connector type လေးတစ်ခုဖြစ်ပြီး USB 3.1 အထိကို Support ပေးနိုင်ပါတယ်...
Type C ကိုတော့ နောက်ပိုင်းထွက်တဲ့ Mobile Phone တော်တော်များများမှာ Fast Charging Connector များအဖြစ် အတွေ့များပြီး တော်တော်လေးကို ကောင်းမွန်တဲ့ Type တစ်ခုပဲဖြစ်ပါတယ်....
Computer နဲ့ ချိတ်ဆက်ဖို့အတွက် ယနေ့ခေတ် IT ပစ္စည်းတွေမှာတော့ USB Interface က မပါမဖြစ် ပါလေ့ရှိပါတယ်။
🎈အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ "Bluetooth"
အားလုံးရင်းနှီးပြီးသားဖြစ်တဲ့ Bluetooth ဟာ Personal Area Network (PANS) တွေမှာ အသုံးပြုတဲ့ Power စားနည်းတဲ့ Short Range Wireless နည်းပညာ တစ်ခုပဲဖြစ်ပါတယ်....
Portable Devices တွေ ဖြစ်တဲ့ Laptops, Mobile, Phones, Digital Camera, Audio Equipment အစရှိတဲ့ IT ပစ္စည်းတော်တော်များများမှာ မပါမဖြစ်ပါဝင်လာတဲ့ စနစ်လေးတစ်ခုပဲဖြစ်ပါတယ်....
Bluetooth ဟာ Short Range ဖြစ်တဲ့အတွက် 10Meter အကွားအဝေးအတွင်းမှာသာအသုံးပြုနိုင်မှာဖြစ်ပြီး Data Rate 24Mbps ထိသာ Support လုပ်ပေးပါတယ်.....
Bluetooth Support လုပ်ပေးတဲ့ Printer, Scanner စတဲ့ Devices တွေဟာ Mobile Device တွေနဲ့ အဆင်ပြေပြေချိတ်ဆက် အသုံးပြုနိုင်မှာပါ။
🎈နောက်ထပ်ဆက်ပြီးပြောပြပေးသွားမယ့် အကြောင်းအရာလေးကတော့ "Wi-Fi"
Wi-Fi Alliance ကနေ စတင်တီထွင်ခဲ့တဲ့ Wi-Fi စနစ်ကိုတော့ လူတိုင်းနီးပါးသိကြမယ်ထင်ပါတယ်....
Wi-Fi ဆိုတာ "Wireless Fidelity" ရဲ့ Short-Term ပါ....
ကြိုးမဲ့ဆက်သွယ်ရေးစနစ် WLANs (Wireless Local Area Networks) တစ်ခုဖြစ်ပြီး...
Mobile phone တွေ၊ PDA တွေ၊ Laptop စသည့် ဆက်သွယ်ရေးဆိုင်ရာ IT ပစ္စည်းတော်တော်များများမှာ အသုံးပြုကြပါတယ်...
ဒါ့အပြင် Camera တွေ၊ Printer တွေမှာပါ Built-in Wi-Fi ကိုထည့်တွင်းလာတာကိုလည်း တွေ့မြင်နိုင်မှာပါ...
Wi-Fi ကို အဓိကအနေနဲ့တော့ 2.4 GHz UHF နဲ့ 5 GHz SHF လို ISM Radio Band တွေကို အသုံးပြုပြီး ထုတ်လွှင့်တာပဲဖြစ်ပါတယ်…
WiFi Support လုပ်ပေးတဲ့ Device တွေကိုတော့ Wi-Fi Network ကနေတဆင့် Mobile Phone (သို့) Computer တွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ Wireless Router တို့ Access Point တို့ကို အသုံးပြုပြီး Wi-Fi Network တစ်ခုတည်ဆောက်ထားဖို့တော့ လိုပါတယ်။
🎈 LANs
Local Area Network ဆိုတဲ့အတိုင်းပဲ ရုံးတွေ၊ ဆိုင်တွေ၊ ကျောင်းတွေ၊ အဆောက်အအုံတွေ ရဲ့ တစ်မိုးအောက်ထဲမှာ တပ်ဆင်လေ့ရှိပြီး အသုံးများတဲ့ Networking အမျိုးအစားတစ်ခုဖြစ်ပါတယ်....
LAN ရဲ့ Data Transmission Capacity ကတော့ 100 Mbps to 1000Mbps ဖြစ်ပြီး Network အတွင်းမှာရှိတဲ့ Computer (Workstation) အချင်းချင်းကို Data Transmit or Receive လုပ်ဖို့အတွက် RJ45 Network Cable လေးနဲ့ ချိတ်ဆက် ပေးရပါတယ်....
Computer သို့ Device အလုံးရေ အများကြီး ချိတ်ဆက်ဖို့အတွက် switch လို ကြားခံ Device လေးတွေကိုလည်း အသုံးပြုပေးရပါသေးတယ်….
မိမိလုပ်ငန်းမှာ Local Area Network တစ်ခုတည်ဆောက်ထားတယ်ဆိုရင်တော့ Ethernet / LAN Interface ပါတဲ့ device တွေကို Computer နဲ့ Network ကနေ တဆင့် ချိတ်ဆက်အသုံးပြုနိုင်ပါတယ်….
🎈 RS232 / Serial
ဒီဘက်ခေတ်မှာတော့ သိပ်မသုံးတော့ပါဘူး…
RS ဆိုတာ Recommended Standard ရဲ့ အတိုကောက်ပါ…
Digital device တွေ တစ်ခုကနေ အခြားတစ်ခုကို အချက်အလက်တွေပို့ (data
transmission) တဲ့အခါမှာ အသုံးပြုတဲ့ standard တွေထဲက အသုံးများခဲ့တဲ့ Standard တစ်မျိုးပဲဖြစ်ပါတယ်...
ဒါဆိုရင်တော့ ဒီကနေ့ ပြောပြပေးခဲ့တဲ့ Interface တွေအကြောင်းကို ကောင်းကောင်းကြီးနားလည်ပြီး သင့်ရဲ့လုပ်ငန်းနဲ့ ကိုက်ညီတဲ့ Computer နဲ့ POS ဆက်စပ်ပစ္စည်းတွေကို မှန်မှန်ကန်ကန် ရွေးချယ်အသုံးပြုနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်.....
Share this post
Tags
Edit
Archive