အရင်တစ်ပတ်က POS Software တစ်ခုရွေးချယ်တဲ့အခါမှာ ဘာတွေသိဖို့လိုအပ်လဲ? ဆိုတဲ့ Knowledge Sharing လေးလုပ်ပြီးတဲ့နောက် ဒီကနေ့မှာတော့....
"လက်လီလုပ်ငန်းတစ်ခုမှာ အသုံးပြုရန်လိုအပ်မယ့် POS Hardware တွေကဘာတွေလဲ?" ဆိုတာလေးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင့်....
ဒီကနေ့ ပြောပြပေးသွားမယ့်အကြောင်းအရာလေးမှာတော့ အပိုင်း (၂)ပိုင်းပါဝင်ပါမယ်ရှင့်....
For SME
တစ်ပိုင်တစ်နိုင် ဖွင့်ထားတဲ့ ကိုယ်ပိုင် အရောင်းဆိုင်လေးများအတွက် လိုအပ်မယ့် POS Hardware တွေက ဘာတွေဖြစ်မလဲ?
တစ်ပိုင်တစ်နိုင်ဖွင့်ထားကြတဲ့ Online shop တွေ၊ ကုန်စုံဆိုင်တွေနဲ့ စတိုးဆိုင်လေးတွေအတွက်....
မိမိမှာ ရှိထားပြီးသား Phone / Tablet လေးတွေ အသုံးပြုပြီး Mobile POS Software တွေနဲ့ အလွယ်တကူ ချိတ်ဆက်အသုံးပြုလို့ရမယ်...
Mobile Devices တွေနဲ့ ချိတ်ဆက်ပြီး ဘောက်ချာ ထုတ်လို့ရတဲ့ Portable Bluetooth Printer စက်လေးတွေရယ်...
Receipt Printer နဲ့တွဲဖက်အသုံးပြုရတဲ့ ဘောက်ချာ စက္ကူလိပ် Receipt Paper လေးတွေကတော့ မရှိမဖြစ်လိုအပ်တဲ့အရာလေးတွေပါ...
ဒါ့အပြင် Receipt Printer တွေနဲ့ တွဲစပ်ပြီး အသုံးပြုလို့ရမယ့် Cash Drawer - ငွေသိမ်း အံဆွဲလေးတွေကိုရော လိုအပ်ရင်လိုအပ်သလို အသုံးပြုနိုင်ပါသေးတယ်...
For Enterprise
Supermarket တွေ၊ Mini Mart တွေ၊ Convenience Store တွေအပြင်.....
Pharmacy, Cosmetics, Grocery Store, Phone, Electronic, Computer စတဲ့ အရောင်းဆိုင်ကြီးတွေအတွက် လိုအပ်မယ့် POS Hardware တွေက ဘာတွေဖြစ်မလဲ? ဆက်ကြည့်လိုက်ကြရအောင်...
ပထမဦးဆုံးအနေနဲ့ ငွေရှင်းကောင်တာတွေအများကြီးကနေထည့်သွင်းလိုက်တဲ့ စာရင်းတွေသိမ်းဖို့ Performance ကောင်းကောင်း Server Computer (၁)လုံးလိုအပ်ပါတယ်...
ကုန်ပစ္စည်းတွေမှာ Label တွေ၊ Barcodeတွေ ကပ်ရန် Barcode Sticker တွေထုတ်ဖို့အတွက် Barcode Printer တွေလည်းလိုအပ်ပါတယ်...
ဒီလို Sticker တွေထုတ်ဖို့ အတွက်ဆိုရင်တော့ Barcode Supplies တွေဖြစ်တဲ့ Barcode စက္ကူလိပ်တွေ၊ မှင်လိပ်တွေမရှိလို့မဖြစ်ပါဘူးနော်....
ငွေရှင်းကောင်တာ (၁)ခုစီတိုင်းမှာ POS Software အသုံးပြုရန်အတွက် Client Computer
ပြေစာ ဘောက်ချာတွေထုတ်ဖို့အတွက် Receipt Printer တွေ
သူတို့အတွက် လိုအပ်မယ့် Receipt Supplies တွေဖြစ်တဲ့ Receipt Paper နဲ့ (မှင်)Ribbon တွေ လည်းလိုအပ်ပါသေးတယ်....
ကုန်ပစ္စည်းပေါ်မှာ ကပ်ထားတဲ့ Barcode လေးတွေကို Scan ဖတ်ပြီး စာရင်းသွင်းနိုင်ဖို့ Barcode Scanner လေးတွေဟာလည်း မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပါပဲ....
ဒါတွေတင်မကသေး သပ်သပ်ရပ်ရပ်နဲ့ ပစ္စည်းတွေများများဆန့်မယ် ငွေရှင်း Cashier Counter
Cash Drawer နဲ့
Customer တွေကို ကျသင့်ငွေပြပေးတဲ့ Customer Display တွေလည်းလိုပါတယ်...
ဒီလောက်ဆိုရင်တော့ လက်လီလုပ်ငန်းတစ်ခုမှာလိုအပ်မယ့် POS Hardware လေးတွေကို သိသွားလောက်ပြီလို့မျှော်လင့်ပါတယ်....