Receipt Printing
လွယ်ကူအဆင်ပြေတဲ့ Receipt / Slip Printerလေးတွေနဲ့ 🧾ဘောက်ချာထုတ်ကြမယ်
4 March, 2020 by
Receipt Printing
234, Administrator

အရင်ကဆို ဘောက်ချာစာရွက်ကြီးတွေနဲ့ Customerဝယ်သမျှကို ထိုင်ရေးခဲ့ရတယ်။ Caculator ကြီးတစ်ကိုင်ကိုင်နဲ့ တွက်ရချက်ရ လုပ်ခဲ့ရတယ်။ အချိန်အများကြီးပေးရတယ်။ ဒီလို အချိန်တွေအများကြီး အလဟဿမဖြစ်စေဖို့ သင်တို့ရဲ့ လုပ်ငန်းကို Receipt Printing ဆိုတဲ့ နည်းပညာ တစ်ခုက ကူညီပေးပါလိမ့်မယ်။

Receipt Printing ရဲ့ အားသာချက်လေးတွေကတော့

👍POS Systemနဲ့တွဲဖက်ကာ Productတွေရဲ့ အရောင်းအဝယ် Transactionတွေကို အတိအကျ မှတ်သားပေးနိုင်တယ်။

👍အသုံးပြုရတာလွယ်ကူပြီး အချိန်ကုန်သက်သာမယ်။

👍Customerတွေကို စမတ်ကျကျလှလှပပ ငွေရှင်းပြေစာလေးတွေပေးနိုင်မယ်။

👍Portable Printerလေးတွေလည်းရှိသေးတော့ ငွေရှင်းပြေစာလေးတွေကို ဘယ်နေရာမှာမဆို အလွယ်တကူ ထုတ်ပေးနိုင်မယ်။

လူကြီးမင်းတို့ လုပ်ငန်းမှာ Receipt Printingကို အသုံးပြုချင်တယ်ဆိုရင်တော့
POS System, Receipt Printers တွေနဲ့ Receipt Paperတွေ Ribbonတွေ အဓိကလိုအပ်ပါတယ်။

Receipt Printerတွေမှာတော့ အဓိကအားဖြင့် အမျိုးအစား (၂)မျိုးရှိကြပါတယ်။

🖨️ Dot Matrix Receipt Printers
Dot Matrix Receipt Printerတွေဟာ Impact Printerအမျိုးအစားတွေဖြစ်ကြပြီး 💰ကုန်ကျစရိတ်နည်းပါးပြီး ယုံကြည်စိတ်ချမှုအပြည့်အဝပေးမယ့် Printerလေးတွေဖြစ်ကြပါတယ်။ တွဲဖက်အသုံးပြုရတဲ့ Paperတွေ Ribbonတွေ ကလည်း ကုန်ကျစရိတ် သက်သာတဲ့အတွက် Operation Cost တွေကိုလည်း သိသိသာသာလျော့ကျစေမယ့် Receipt Printerလေးတွေဖြစ်လို့ ယနေ့အချိန်ထိ အသုံးပြုနေကြပါသေးတယ်။ ဒီPinterလေးတွေရဲ့ Print Headမှာ သေးငယ်လှတဲ့Pinလေးတွေ ပါဝင်ပြီး ဒီPinလေးတွေဟာ အစက်အပျောက် အစုအဝေးကလေးတွေ ဖြစ်လာအောင် မှင်နဲ့တွဲဖက်ပြီး Paperပေါ်မှာ အက္ခရာတွေ Printလုပ်ပေးကြပါတယ်။ Dot Matrix Printerတွေကိုတော့ Carbonless Paperတွေနဲ့ တွဲသုံးလေ့ရှိကြပါတယ်။ အမျိုးအစားအားဖြင့် 1ply, 2ply, 3ply ဆိုပြီး (၃)မျိုးတွေ့ရမယ်။ မှင်ခံနဲ့လည်း တစ်ပြိုင်ထဲ Copyထုတ်နိုင်ပါသေးတယ်။ Paper Size အားဖြင့်တော့ 76 mm အရွယ်ရှိပါတယ်။

🖨️ Thermal Printers
Thermal Printerတွေကတော့ Dot Matrix Printerတွေထက်ကုန်ကျစရိတ် အနည်းငယ်ပိုများပါတယ်။ သို့သော်လည်း Print Quality ကောင်းခြင်း၊ မြန်မြန်ဆန်ဆန် Printထုတ်ပေးနိုင်ခြင်း တို့ကြောင့် Dot Matrix Printerတွေထက် ပိုပြီးတော့ အသုံးများတဲ့ လူကြိုက်များတဲ့ Printerအမျိုးအစားလေးအဖြစ် နေရာယူထားပါတယ်။ ဒီ Thermal Printerလေးတွေကတော့ Thermal Headကနေ ထုတ်လွှတ်လိုက်တဲ့ အပူရယ် Thermal Paperတွေရဲ့ကြားမှာ တိုက်ရိုက်ထိတွေ့မှုတွေနဲ့ ပုံရိပ်တွေကို Printလုပ်ပေးကြပါတယ်။ ဒါကြောင့်Thermal Printerတွေမှာလည်း Inkတွေ Tonerတွေမလိုအပ်ပါဘူး။ Paper Sizeအနေနဲ့ကတော့ 58mm, 76mmနဲ့ 80mmအရွယ်ရှိတဲ့ Paperတွေနဲ့ တွဲဖက်ပြီးအသုံးပြုလေ့ရှိပါတယ်။ Thermal Printerတွေမှာတော့ Desktopနဲ့ Portableဆိုပြီး ပုံစံ(၂)မျိုးရှိနေပါသေးတယ်။ Desktopပုံစံ Printerတွေကိုတော့ Mini Martတွေ၊ Storeဆိုင်စတဲ့နေရာတွေမှာ အသုံးများကြပြီး Portable Printerလေးတွေကိုတော့ အအေးဆိုင်လေးတွေ၊ Street Foodဆိုင်လေးတွေမှာ ပေါ့ပေါ့ပါးပါးနဲ့ Receiptလေးတွေထုတ်ပေးဖို့ အသုံးပြုကြပါတယ်။ မိမိသွားလေရာသယ်ယူ အသုံးပြုနိုင်တဲ့အတွက် Distribution Company တွေအတွက်လဲ အသုံးပြုရတာအဆင်ပြေပါတယ်။

Receipt Printer တွေမှာ USB, Serial, LAN, Bluetooth, WiFi စတဲ့ Interface အမျိုးအစားများစွာလည်းရှိနေသေးတော့ ကိုယ်ကြိုက်တဲ့ ပုံစံ၊ ကိုယ်ကြိုက်တဲ့ စက်ပစ္စည်းတွေနဲ့ ချိတ်ဆက်ပြီး Receipt တွေကိုစိတ်တိုင်းကျ Printထုတ်လို့ရနိုင်ပါတယ်။ ဒါ့ကြောင့်မို့ Receipt Printerလေးတွေကို ဝယ်ယူတဲ့အခါမှာလည်း ကိုယ့်ရဲ့ လုပ်ငန်းနဲ့ ကိုက်ညီမှုရှိမယ့် Printersလေးတွေကို မှန်မှန်ကန်ကန် ရွေးချယ်ဝယ်ယူကြဖို့လည်း လိုအပ်ပါတယ်နော်။

Share this post
Archive